ဒီနေ့လို တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကျွန်တော်အပါအဝင် လူအများစုက Internet ကို အလုပ်ကိစ္စအတွက်သာမက ဆက်သွယ်ရေး နည်းလမ်းတစ်ခု အနေနဲ့ပါ နေ့စဉ်အသုံးပြုနေကြရပါတယ်။ ဒီလို Inrernet ကို အသုံးပြုတဲ့အခါ အသုံးအများဆုံး Browser တွေကတော့ IE နဲ့ FireFox တို့ပဲ ဖြစ်ပါတယ်။ အဲဒီလို အသုံးပြုတဲ့အခါမှာ Connection နှေးနေလို့ အသုံးပြုရတာ စိတ်တိုင်းမကျတဲ့ အဖြစ်မျိုးတွေကတော့ Internet အသုံးပြုတဲ့သူတိုင်း အနည်းနဲ့အများဆိုသလို ကြုံဖူးကြမှာပါ။
ချိတ်ဆက်ထားတဲ့ Connection မကောင်းတာကို ဘာမှလုပ်လို့မရပေမယ့် Web Browser ကြောင့် Connection နှေးနေတာကိုတော့ မြန်လာအောင် ပြုပြင်ဖန်တီးလို့ ရပါတယ်။ကျွန်တော် အခုပြောမယ့် နည်းလမ်းလေးတွေကတော့ လူသုံးအများဆုံး Web Browser တစ်ခုဖြစ်တဲ့ Mozilla FireFox မှာ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို အသုံးပြုမယ်ဆိုရင်တော့ FireFox မှာ Connection ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုမြန်ဆန်လာအောင် လုပ်ဆောင်နိုင်ပါတယ်။
ဒီနည်းလေးကတော့ ကိုယ်အသုံးပြုနေတဲ့ Internet Connection ရဲ့ Bandwidth အမြန်နှုန်းကို ၂၀% လောက်အထိ ပိုမိုမြန်ဆန်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလေးပါ။ ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ Windows စနစ်က Internet Bandwidth ရဲ့ ၂၀% ကို reserve လုပ်ပြီး သိမ်းဆည်းထားလေ့ ရှိပါတယ်။ အဲဒီလို သိမ်းဆည်းထားတဲ့ Bandwidth ကို ဒီနည်းလေးနဲ့ ပြန်လည်ရယူ အသုံးချနိုင်ပါတယ်။
Start Menu ==> Run Command
Step - 2
Type gpedit.msc ==> Press Enter
Step - 3
Choose Computer Configuration ==> Administrative Templates ==> Network ==> QOS Packet Scheduler
နောက်ဆုံးအဆင့်ဖြစ်တဲ့ QOS Packet Scheduler ဆိုတာကို ရောက်တဲ့အထိ Plus Sign (+) လေးကို နှိပ်ပြီး အဆင့်ဆင့် ဖွင့်ပေးသွားပါ။

အဲဒီအထိဖွင့်ပြီးသွားပြီဆိုရင် ညာဘက်အခြမ်းက Task Pane ထဲမှာ Limit Reservable Bandwidth ဆိုတဲ့ စာတန်းပေါ်မှာ Double Click လုပ်ပြီး ဖွင့်လိုက်ပါ။ Enabled ဆိုတဲ့ Check Box ကို Check လုပ်ပြီး Bandwidth Limit (%) ကို 0 (သုည) အထိပြောင်းပေးလိုက်ပါ။ ပြီးသွားရင်တော့ Apply နဲ့ OK ကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။
ဒါဆိုရင်တော့ Windows က Reserve လုပ် သိမ်းဆည်းထားတဲ့ Bandwidth Speed ၂၀% ကို ပြန်လည်ရယူ အသုံးပြုလို့ရပါပြီ။







